Skip to main content

Mar 04, 2020

ဝါးခယ်မ မတ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်သော (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၅

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဘားအံ မတ် ၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှဦးစီး၍ တတိယအကြိမ်မြောက် ဘားအံတက္ကသိုလ်ရေသဘင်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ပရဝဏ်အတွင်း၌ကျင်းပရာ ဘာသာရပ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး  မတ် ၅

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမ္မခဏ်နောက်ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းအား ပြုပြင်မွမ်းမံဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်ပြီး ဂေါပကအဖွဲ့နှင့် ပညာရှင်များ၏ ပထမအကြိမ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ဘုရားကြီးရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး မတ် ၅

ရှေးဦးကလေးသူငယ်ဘဝ အစောပိုင်းကာလ စာတတ်မြောက်ရေး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပုံပြင်စာအုပ် အသုံးပြုခြင်း နည်းပြသင်တန်း ဖွင့်ပွဲကို မန္တလေးမြို့ရှိ Wilson Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင် နှင့် မန္တလေးမြို့အခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်  တို့က အမှာစကားပြောကြားသည်။ ထို့နောက် UNICEF မှ Education Specialist ဒေါက်တာအေးအေးရီ က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဝါးခယ်မ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက် မဟာဓမိကာရုံကျောင်းတိုက်တွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် စာရေးကိရိယာ ပစ္စည်းများပေးအပ်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပခုက္ကူ  မတ် ၅

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေးအတွက် မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ အလုပ်ရှင်၊အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပုသိမ် မတ် ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယမန်နေ့ နေ့လယ်ပိုင်းကကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဂန့်ဂေါ မတ် ၅

မကွေးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင်၊ အလုပ်သမားများ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြနိုင်ရေးတွေ့ဆုံပွဲကို   ယမန်နေ့နံနက်က ဂန့်ဂေါမြို့  မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဦးကိုကိုလင်းက အနည်းဆုံး အခကြေးငွေဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန် မတ် ၄

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ၏ စီစဉ်မှုဖြင့် Staller Seven Entertainment မှ တာဝန်ယူကျင်းပသည့် Star Awards ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယခုနှစ် ဧပြီလ ပထမပတ်တွင် ကျင်းပရန်စီစဉ်ထားမှုအား ရက်ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း ယင်းဆုရွေးချယ်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

CORONAVIRUS DISEASE (COVID -19) ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အသိပေးနှိုးဆော်ပန်ကြားချက်များအရ ထိုသို့ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

အောင်သန့်(သုတေသန)

ဆက်လက်ဖတ်ရှုရန်