ရှမ်းရွာသစ်မြို့ သုသာန်အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း (၇၀) ရာခိုင်နှုန်းပြီးစီး
Jan 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများ ပြည်သူ သွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သုသာန် အဝင်ဝ ကျောက်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အပိုင်း(၃)ကို ဇန်နဝါရီလ (၁)ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၇၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။