သတင်းများ

ထန်းတပင်၌ မီးဖိုရှိမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား
Jan 05,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာ၌ ယနေ့ နံနက်(၉)နာရီ(၂၅)မိနစ် အချိန်တွင် နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ကသာခရိုင်၊ ဗန်းမောက်မြို့ တိုးချဲ့(၂)ထပ်ဆောင် ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ တိုးချဲ့(၂)ထပ်ဆောင် ဆေးရုံ တည် ဆောက် ခြင်းလုပ်ငန်း (၆၅)ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများအား မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီက ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ We Love Mingalar Taung Nyunt (G+20) အဖွဲ့ ဖွဲ့စည်းဆောင်ရွက်
Jan 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် သဘာဝဘေးအန္တရာယ် နှင့် အခြားအရေးပေါ် လူမှုကူညီရေးကိစ္စရပ်များတွင် မြို့နယ်အဆင့်တာဝန်ရှိသူ များ၊ ပရဟိတအသင်းဖွဲ့များ၊ ပြည်သူများ နှင့် ပူးပေါင်းကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ We Love Mingalar Taung Nyunt (G+20) အဖွဲ့ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က ဖွဲ့စည်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်ရှိ မိဘပြည်သူများနှင့် စက်ဘီးစီးနင်းသူများအား အသိပေးပန်ကြား
Jan 05,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ လမ်းမပေါ်တွင် မော်တော်ယာဉ်အသုံးပြုသူ ပြည်သူ များ အများဆုံး သွားလာလျက်ရှိပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် မိဘပြည်သူများသည် စက်ဘီး၊ E Bicycle၊ မော်တော် ဆိုင်ကယ်များ အသုံးပြု၍ သွားလာနေကြပြီး Delivery Services ဆောင်ရွက်သူများသည် စက်ဘီးများ အသုံးပြု၍ မိဘပြည်သူများ၏ လိုအပ်သည့်ပစ္စည်းများ၊ အစားအသောက်များကို လျင်မြန်လွယ် ကူစွာ ပို့ဆောင်နေကြသည်ကိုလည်း တွေ့ရှိရသည်။
ခရမ်းမြို့နယ်တွင် ကျေးရွာဆက်သွယ်ရေးလမ်း တိုးချဲ့ခင်းကျင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး
Jan 05,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးရွာဆက်သွယ်ရေးလမ်း တစ်ခုဖြစ်သည့် ဇွဲတွန်သပြု ကန်အုပ်စု ကျေးရွာများသို့ ဆက်သွယ်သည့် ဆက်သွယ်ရေးလမ်းအား တိုးချဲ့ခင်းကျင်းရန်နှင့် လမ်းပိုင်း တစ်ချို့ မြေသားနိမ့်ဝင် ပြိုကျမှုများကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနတာဝန် ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တီးတိန်၌ တီးတိန်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Jan 05,2021
တီးတိန်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ဦးဆောင်၍ တီးတိန်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ည ၇ နာရီက တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
ထီးချိုင့်မြို့နယ်တွင် ရေဆင်း (၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးနေမှုအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က ဘက်စုံအဆင့်မြင့် စံပြကျေးရွာဖြစ်သော လေသာကျေးရွာရှိ တောင်သူ ဦးကျော်ဝင်း၏ ရေဆင်း (၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းသို့ စိုက်စနစ် မှန်ကန်စေရေးအတွက် အနီးကပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။