ရွှေကူမြို့နယ်တွင် အသွားအလာကန့်သတ်ထားရှိသူများနှင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ် (၁၁)ဦးထပ်မံတွေ့ရှိ
Jan 05,2021
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၂)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၅)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်း ဆိပ်ဖြူမြို့နယ် ချောင်းမကြီး ကျေးရွာနေသူ အမျိုးသား(၁)ဦး၊ ၎င်း၏ယာဉ်နောက်လိုက်ဖြစ်သူ ကသာမြို့နယ် ပင်မလွတ် ကျေးရွာနေသူ အမျိုးသား (၁)ဦးနှင့် ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေသူ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခဲ့သည်။