သတင်းများ

မိုင်းဆတ်မြို့၌ ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ
Jan 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ မယ်ဆွမ်မြောက်ရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက် ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီကကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၃)နှစ်မြောက် လွတ်​လပ်ရေးနေ့အထိမ်းအမှတ် ကိုယ်အားကိုယ်ကိုးလမ်းသစ်ဖွင့်ပွဲကျင်းပ
Jan 04,2021
လပွတ္တာ ခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအား မြို့နယ်သံဃနာယက ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာကြား၍ ဖွင့်ပွဲ ကျင်းပခဲ့သည်။
အင်းတော်မြို့နယ်တွင် ရေဆင်း (၁) စပ်မျိုးနေကြာစိုက်ပျိုးမှုအား ကွင်ဆင်းကြည့်ရှုစစ်ဆေး
Jan 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် အင်းတော်မြို့နယ် မြို့မနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ အောင်မင်္ဂလာရပ်ကွက် တောင်သူ ဒေါ်မြင့်ဝေ ကွင်းအမှတ် (၁၀၃၃)တွင် ရေဆင်း (၁) စပ်မျိုး နေကြာ စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တောင်သာပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၄)ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု
Jan 04,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၁၄)ဦး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့နံနက်(၁၀)နာရီက ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၌ ကျေးရွာချင်းဆက်လမ်းများအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jan 04,2021
ကျေးလက်နေဒေသခံပြည်သူများ ရာသီမရွေးသွားလာနိုင်ရန်အတွက် အလှူရှင်များစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ရှိ ခတ္ထိယရွာသစ် ရွာလယ်လမ်းမကြီး၊ ခတ္ထိယ-ညောင်ရွာလမ်းနှင့်ခတ္ထိယ-အုတ်ဖိုကျေးရွာချင်းဆက် လမ်းကွန်ကရစ် ပြန်လည် အဆင့်မြှင့်တင်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ညနေစာအာဟာရဒါနအလှူငွေကျပ်(၁)သိန်းလှူဒါန်း
Jan 04,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ညနေစာ အဟာရ ဒါနအလှူငွေကျပ်(၁)သိန်းလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကု ဆေးရုံကြီး (အင်းစိန်)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ညောင်ရွာငယ်ကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ညောင်ရွာငယ်ကျေးရွာ၌ တိုင်းဒေသကြီးလျှပ်စစ်မီးလင်း ရေးစီမံကိန်းအရဆောင်ရွက်ခဲ့သော လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာလေ၌ အသက် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်
Jan 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စု ၊ နားအွန် ကျေးလက်ကျန်းမာရေးဌာနခွဲ အပိုင်းမှ မွေးကင်းစ အသက် ၂ လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယနေ့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။