ကြည့်မြင်တိုင်မြို့နယ်တွင် အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းပြုလုပ်
Jan 05,2021
ကိုဗစ်-၁၉ ကာလအတွင်း ရပ်ကွက်နေပြည်သူများအကြား အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ ရောဂါ ကာကွယ်ရေးတွင် တစ်ထောင့် တစ်နေရာမှ အထောက်အကူဖြစ်စေရန်၊ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းစေရန်တို့ကို ရည်ရွယ်ကာ အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။