သတင်းများ

မြောင်မြို့နယ်၊ ကင်းစံပြကျေးရွာတွင် ဒေသထွက်ကုန် မုန့်တစ်မျိုးဖြစ်သည့် မုန့်လေပွေလုပ်ငန်းဖြင့် မိသားစု စီးပွားရေး အဆင်ပြေ
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကင်းစံပြကျေးရွာတွင် ဒေသထွက်ကုန် မုန့်တစ်မျိုး ဖြစ်သည့် မုန့်လေပွေ လုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၂၈) ရွာ၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိနေပြီဖြစ်
Jan 05,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိကျေးရွာပေါင်း (၉၄) ရွာအနက် ကျေးရွာ (၂၈) ရွာ၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး အသုံးပြုရရှိနေပြီ ဖြစ်ကြောင်း သိရ သည်။
ကောလင်းမြို့နယ်၌ ဖျာ၊တောင်းယက်လုပ်ခြင်းသင်တန်းဖွင့်
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ကောလင်းမြို့နယ်ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု"ဖျာ၊တောင်းယက်လုပ်ခြင်း"သင်တန်းအား ယွန်းအိုး ကျေးရွာအုပ်စု ယွန်းအိုးကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၄၂၀ ကျော်ဖြင့် ကျေးလက်လမ်း (၆) လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jan 05,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၄၂၀ ကျော်ဖြင့် ကျေးလက်လမ်း (၆) လမ်းကို အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ထီးချိုင့်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ CBFQ ဝင်နေသူများအား နေ့လယ်စာနှင့် ကြက်တကောင်ကျေးရွာ အောင်စည်သံဟိန်း တံတားအတွက် အလှူငွေသွားရောက်လှူဒါန်း
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် မြို့နယ် ကြက်ခြေနီ အသင်းမှ CBFQ ဝင်နေသူများအား နေ့လယ်စာနှင့် ကြက်တကောင်ကျေးရွာ အောင်စည်သံဟိန်း တံတား အတွက် အလှူငွေများ သွားရောက်လှူဒါန်းခြင်းကို ယမန့်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် မြစိမ်းရောင်အတိုးရငွေများဖြင့် မီးလင်းရေးလုပ်ငန်း၊ ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်တွင် မြစိမ်းရောင်အတိုးရငွေများဖြင့် ကြောင်ပန်း ကန် ကျေးရွာတွင် မီးလင်းရေးလုပ်ငန်းနှင့် တည်ပင်ကျေးရွာတွင် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ သိရသည်။
မုံရွာမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ ဧက(၇၀၀၀)ကျော် စိုက်ပျိုးပြီးစီး
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီး နှံစိုက်ပျိုး ရာသီတွင် ဆောင်းကြက်သွန်နီ ဧက(၇၀၀၀)ကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း မုံရွာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဒေါ်အမာကြည် ထံမှ သိရသည်။