မိုင်းယောင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေ နှစ်သိန်းကျပ် လှူဒါန်း
Jan 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စုမှ ဦးစိုင်းသောင်းငွေက အလှူငွေ နှစ်သိန်းကျပ်ကို သွားရောက် လှူဒါန်းရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်က လက်ခံရယူပြီး၊ ပါဝင်လှူဒါန်းမှုများအတွက် ကျေးဇူးတင်ကြောင်းနှင့် လှူဒါန်းငွေများကိုလည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌ ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။