သတင်းများ

တနင်္သာရီမြို့နယ် ပညာရေးမိသားစုမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ အလှူငွေ(၅)သိန်းကျပ်လှူဒါန်း
Jan 04,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပညာရေးမိသားစု၏ ရွှေရီပညာ စာနာဖေးကူမှု အသင်းသည် မြို့နယ်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဌာန ဆရာ/ဆရာမများ၏ စေတနာအလျောက်ထည့်ဝင်ငွေဖြင့် စုဆောင်းရရှိသမျှသောငွေများကို အမှန်တကယ်လိုအပ်လျက်ရှိ သော ဆေးရုံများ၊ အဖွဲ့အစည်းများသို့ အစဉ်ဆက်မပြတ်လှူဒါန်းပေးလျက်ရှိရာ ယနေ့ ဇန်နဝါရီလ
အင်းစိန်မြို့နယ်၌ ဖော့ကန်ဈေးနှင့်အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများကို နှာခေါင်းစည်းတပ်ဆင်စေရေး လှုပ်ရှားမှု ဆောင်ရွက်
Jan 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ဖော့ကန်ဈေးနှင့်အောင်ဆန်းဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ဈေးရောင်းချသူများနှင့်ဈေးဝယ်လာသူများကို နှာခေါင်းစည်း တပ်ဆင်စေရေး လှုပ်ရှားမှုကို ယမန်နေ့ နံနက်(၇)နာရီအချိန်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 04,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး၌ ကျင်းပခဲ့သည်။
လွိုင်လင်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူထုစက်ဘီးစီးနင်းပွဲကျင်းပ
Jan 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းရာသီ လူထုစက်ဘီးစီးနင်းပွဲကို Nansang – Loilem – Pinlong (NLP bike cycling association)အသင်းမှကြီးမှူး၍ ယနေ့ နံနက်(၈)နာရီက မြို့မဈေးကြီးရှေ့ နာရီစင်တွင် ကျင်းပကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ခရမ်းညိုသီးစိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချရပြီး ဈေးကောင်းရရှိ
Jan 04,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက် တောင်ဆည်ပတ်ဝန်းကျင်ရှိ ကျေးလက်တောင်သူများစိုက်ပျိုးရောင်းချနေသည့် ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့်များစိုက်ပျိုးရောင်းချကြရာ အထွက်နှုန်းထွက်သလောက်ရောင်းချနေရပြီး ဈေးနှုန်းကောင်းရောင်းချရခြင်းဖြင့် ခရမ်းစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ခရမ်းစိုက်တောင်သူ ဒေါ်ဌေးကြည်ထံက သိရသည်။
ပျဉ်းမနားမြို့နယ်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ
Jan 04,2021
၂၀၂၁ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)၌ ယနေ့ နံနက် ၄ နာရီ၊ မိနစ် ၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် အလေးပြုကြသည်။
တီးတိန်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားပြုလုပ်
Jan 04,2021
ချင်းပြည်နယ်၊တီးတိန်၌ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားပြုလုပ်ကြောင်းသိရသည်။
ဟင်္သာတမြို့တွင်(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယနေ့နံနက်၄နာရီ၂၀မိနစ်အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်‌များနှင့်အညီ အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။