သတင်းများ

ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် စာကြည့်တိုက်နှင့် ရုပ်တု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 04,2021
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် စာကြည့်တိုက်၊ ရုပ်တုနှင့် လူထုနေရာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို အရှေ့လမ်းမတော်လမ်း ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် လူထုနေရာတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနားမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 04,2021
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။
မင်းလှမြို့နယ်အတွင်း ဆောင်ရွက်နေသည့် လယ်ယာကုန်ထုတ်လမ်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jan 04,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကုန်ထုတ်လမ်းလုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာသစ်(၁၉)ဦး ထပ်တိုးတွေ့ရှိ
Jan 04,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၃ ရက်နေ့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ(၁၉)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၆၀၉)ဦးထိ ရှိလာကြောင်း သိရသည်။
နတ်မောက်မြို့နယ် အိုင်ဇောက်ကျေးရွာအနီး ကောက်ရိုးတင်ဆောင်လာသည့် မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွား
Jan 04,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် အိုင်ဇောက်ကျေးရွာအနီး မိုင်တိုင်(​၂၅/၇)တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၂ မိနစ် အချိန်ခန့်က ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ၍ နတ်မောက်မြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော် နှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၃)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံ၌ ငွေလဝန်းစာကြည့်တိုက်တိုးချဲ့ဆောင်ဖွင့်လှစ်
Jan 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ လေးထောင့်ကန်ကျေးရွာ၊ ယုဇန(၆)လမ်း၊ ငွေလဝန်းစာကြည့်တိုက်တိုးချဲ့ဆောင်ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လူမှုရေးအသင်းအဖွဲ့များ ပရဟိတအဖွဲ့များ စေတနာရှင် အလှူရှင်များစုပေါင်း၍ အာဟာရဒါနလှူဒါန်း
Jan 04,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သန်လျင်မြို့နာရေး ကူညီမှုအသင်းမှ ဦးဆောင်၍ ရပ်ကွက်နှင့် ကျေးရွာနာရေး ကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ စေတနာရှင် အလှူရှင်များ စုပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက အဟာရဒါန ထမင်းနှင့်ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် နာရေးကူညီမှုအသင်းသို့ နာရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Jan 04,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ မြို့မဈေး၊ သားငါးဈေးမိသားစုဝင်များနှင့် စေတနာရှင်များမှ လူမျိုးမရွေး၊ ဘာသာမရွေး အသုံးပြုနိုင်ရန်အတွက် မြို့နယ်နာရေးကူညီမှုအသင်းသို့ စုပေါင်းလှူဒါန်းသော Cool box ၊အင်ဂျင်စက်နှင့် ဒိုင်နမိုစက်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၁၄)လမ်း၊ ပုညဝိသုဒ္ဓိဓမ္မာရုံတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများ ပင့်ဖိတ်၍ ပေးအပ်လှူဒါန်းခဲ့သည်။