ကော့မှူးတွင် Mask တပ်ဆင်ရေးအဖွဲ့များခွဲ၍ နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 29,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက လူစည် ကားရာနေရာ များဖြစ်သော ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အဖွဲ့များ ခွဲ၍ နှာခေါင်းစည်း Mask မတပ်ဆင် ဘဲသွားလာနေသူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရ သည်။