တနင်္သာရီ၌ ဆေးရောင်းချခွင့်လိုင်စင်နှင့် မှတ်ပုံတင်မထားသည့်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး
Dec 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များတွင် ဆေးရောင်းချ ခွင့်လိုင်စင် ရှိ/မရှိနှင့် မှတ်ပုံတင်မထားရှိသောဆေးဝါးများ ရောင်းချ နေခြင်း ရှိ/မရှိ၊ တားမြစ် ဆေးဝါးများ တရားမဝင်ရောင်းချနေခြင်း ရှိ/မရှိ အခြေအအနေ အမှန်ကို သိရှိနိုင်ရန် မြို့နယ်ဆေးဝါး ကြီးကြပ်ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီ အချိန်က မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိဆေးဆိုင်များသို့ ရုတ်တရက် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။