သတင်းများ

ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၄၈)ရာခိုင်နှုန်းပြီးစီး
Dec 24,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာတွင် လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (တတိယနှစ်စက်ဝန်း) အတွင်း နောင်ဘိုကြီးကျေးရွာ၌ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရန် ပန္နက်စိုက်ထူခြင်းဆောင်ရွက်
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်နယ် ရန်ပုံငွေဖြင့် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ရန် ပန္နက်ရိုက်ထူပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အားကစားကွင်း အားကစားရုံတည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာ များတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်ထားရှိရာ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက ရောဂါထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ဒိုက်​ဦးမြိုနယ်​တွင်​ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ကော်​မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်​ဦးမြို့နယ်​၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာ နှင့်ရွှေအင်ဒုံကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့တွင ဒီဇင်ဘာလ၂၃ ရက်နေ့ကကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
ဒိုက်​ဦးမြိုနယ်​တွင်​ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ကော်​မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်​ဦးမြို့နယ်​၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာ နှင့်ရွှေအင်ဒုံကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့တွင ဒီဇင်ဘာလ၂၃ ရက်နေ့ကကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်း လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေး
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်း လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လမ်းတံတားနှင့် အခြားလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်ဆောင် ရွက်မည့်လမ်းတံတားနှင့် အခြားလုပ်ငန်းများအား ယမန်နေ့ နံနက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြတ်မွန်စေတနာလူမှုကူညီရေး(နာရေး) အသင်း၏ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က အဆိုပါ လူမှုကူညီရေး အသင်းရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။