ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Dec 24,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ်(၉၆.၉၇၄)သန်းဖြင့် ဆီဆိုင် မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကျားတောင်-ကောင်ပန်တန်း ကျောက်လမ်း((၆/၀)မိုင် အနက်(၂/၂)မိုင် ကတ္တရာထပ်ပိုးလွှာခင်းပြီးကျန်(၃/၆)မိုင်မှ (၁/၀)မိုင်အား ကတ္တရာထပ်ပိုးလွှာခင်း ခြင်း လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ သည် လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း(၁/၀)မိုင် အနက်(၀/၆)မိုင် ပြီးစီးပြီ ဖြစ်သည်။