သတင်းများ

ထန်းတပင်၌ မီးဘေးအန္တရာယ်ကင်းဝေးရေး မီးသတ်ကားဖြင့်အသိပေးနှိုးဆော်
Dec 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေ ရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများကို မြို့နယ်အတွင်း အပတ်စဉ် မီးသတ်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campign ပြုလုပ်
Dec 24,2020
မိုင်းရယ်မြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်းများ လူတိုင်းတပ်ဆင်နိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီက Mask Campingကို ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပြီး
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းကို အဆိုပါ ဦးစီးဌာနရုံး၌ ဖွင့်လှစ်ပြီးကြောင်း သိရသည်။
​ဖား​ဆောင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေးစီမံကိန်း(VDP)မှ (AVIP)ဖြည့်သွင်းနည်း သင်တန်းဖွင့်
Dec 24,2020
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ​ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေး(VDP)စီမံကိန်းမှ (AVIP)ဖြည့်သွင်း နည်း သင်တန်းဖွင့်လှစ်ပို့ ချခြင်းကို ယမန်​နေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် နွေစပါး အထွက်နှုန်းကောင်းရန် ဘောင်စနစ်ဖြင့်ပျိုးထောင်
Dec 24,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နွေစပါး အထွက်နှုန်းကောင်းရန် ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းကို ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ပဲမြစ်စိုက်ခင်းများ တူးဖော်‌ရောင်းချ
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ယာမြေများပိုင်ဆိုင်သည့် တောင်သူများသည် ငရုပ်၊ ကြက်သွန်၊ နနွင်း၊ ပဲ၊ ပြောင်း၊ ဝါ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချသည့်အပြင် ဆောင်းတွင်း သားရေစာ ဖြစ်သော ပဲမြစ်များပါ စိုက်ပျိုးရောင်းခြင်းများရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်တပ်ရင်းတပ်ဖွဲ့များသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ Facility Quarantine Centre တွင်ထား ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များမှ ရှမ်းပြည်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များသို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ Swab များရယူ၍ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးရှိ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ကြောင်းသိရသည်။