သတင်းများ

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်နှင့်အခြေခံစားသောက်ကုန်းများ ထောက်ပံ့ပေးအပ်
Dec 18,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Community Partners International(CPI)အပြည်ပြည်ဆိုင်ရာ လူမှုမိတ်ဖက်အဖွဲ့အစည်းမှ အေးလင်း သာယာကွင်းအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များအတွက် ဆန်နှင့်အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Dec 18,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထား ရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့ မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန်ကျား(၄၅)ဦးနှင့်မ(၂၅)ဦး စုစုပေါင်း(၇၀) ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခို မည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
ပန်းတနော်မြို့နယ်ရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်း ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က လိုက်လံစစ်ဆေး ခဲ့ကြသည်။
ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ပန်တျာအခွန်လွှတ်စျေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် Face shield အခမဲ့ဖြန့်ဝေ
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိဘုရားကြီး ရပ်ကွက်အခွန်လွတ်စျေး၌ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကဘုရားကြီး ရပ်ကွက်အခွန်လွတ်ဈေးတွင် ဆောင်ရွက်ကြောင်းသိရသည်။
ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား
Dec 18,2020
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ၊ အမှတ်(၃-က)ရပ်ကွက်တွင် ယမန်နေ့ည(၇)နာရီအချိန်ခန့်၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည်။
မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲ ဆောင်ရွက်
Dec 18,2020
သထုံခရိုင်၊ ဘီးလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇွဲကလာကျေးရွာရှိ တောင်သူ ဦးဝင်းဦး၏ ကွင်းအမှတ် ( ၂၆၄ )၌ကျင်းပ ပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်၌တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေ အေးချမ်းလုံခြုံရေးယာဉ်ကြောပိတ်ဆို့ စစ်ဆေး ခြင်းဆောင်ရွက်
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၄)ရပ် ကွက်ဘုရင့်​နောင်လမ်းနှင့်ဘူတာရုံလမ်း၊ အမှတ် (၁၅)ရပ်ကွက်ဘုရင့်​နောင်လမ်းနှင့်ပါရမီ မီးပွိုင့်အနီး၊ အုတ်ကျင်းဘူတာရုံလမ်းကားမှတ်တိုင်​ရှေ့၊ ဘုရင့်​နောင်လမ်းမကြီး တို့ရှိလမ်းများတွင် လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်း​ဌေးနှင့်အဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိ သူများနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ၍ ယမန်နေ့ည(၉) နာရီက ယာဉ်ကြော ပိတ်ဆို့ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂) မန္တလေးကို တစ်ပတ်ကြာပိတ်ထားရာမှပြန်လည်ဖွင့်လှစ် ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်
Dec 18,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊၂၄လမ်းနှင့် ၈၃လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မန္တလေးကို တစ်ပတ်ကြာပိတ်ထားရာမှ ဒီဇင်ဘာ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်၍ ပုံမှန်အတိုင်းဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။