သတင်းများ

ပင်လောင်းမြို့နယ်၌ လက်ရက်လွယ်အိတ်များ အမှာနည်း၍ ရောင်းအားကျနေ
Dec 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာ အုပ်စု၊ မြင်းသောင်းကျေးရွာ၌ ပအိုဝ်းတိုင်းရင်းသားများအသုံးပြုသည့် လက်ရက်လွယ်အိတ်များ မှာယူမူနည်းပါးပြီး ရောင်းအားကျဆင်းနေလျက်ရှိကြောင်း လက်ရက်ကန်း ရက်လုပ်သူတစ်ဦးထံမှ သိရသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် ကျေးရွာများသို့ မြို့နယ် မီးသတ် ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Dec 18,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေး အန္တရာယ် လုံခြုံရေးအတွက် ကျေးရွာများတွင် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က မရမ်းကျေးရွာတွင် ကွင်းဆင်း လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။
ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းများ လိုက်နာမှုပါက ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်
Dec 18,2020
ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ၊မရှိ မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့မှစ၍ စားသောက်ဆိုင်(၅၄)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း၊ ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့် ဆိုင်များအား ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝ ဘေးအန္တရယ် ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဟားခါးမြိုနယ် ကိုဗစ်-၁၉ ​​ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မိုးလုံလေလုံအားကစားရုံ အဆောက်အဦ တည်ဆောက်ရန်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Dec 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ မြို့နယ်အားကစားကွင်း၌ မိုးလုံလေလုံအားကစားရုံ အဆောက်အဦတည်ဆောက်ရန် မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီခွဲအချိန် က အဆိုပါအဆောက်အဦ တည်ဆောက်မည့်မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျံကျဈေးသည်များအား သတ်မှတ်ဧရိယာအတွင်း ရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေး
Dec 18,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဒါးပိန်လမ်းခွဲရှိ ယာယီပျံကျဈေး သည်များအား သတ်မှတ်ဧရိယာအတွင်း ရောင်းချ မှုရှိ/မရှိ နေ့စဉ် ညနေ(၃)နာရီချိန်တွင် တာဝန်ရှိသူ များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့်Facility Quarantine Centre များတွင် အသုံးပြုရန်ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း
Dec 18,2020
မော်လမြိုင်ကျွန်းမြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့်တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ)၊Facility Quarantine Centre များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးနိုင်ရန် ကျန်းမာရေးသုံးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးရုံးခန်းမတွင်ဆောင်ရွက်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖားကန့် လုံးခင်းတိုက်နယ်ဆေးရုံအား ယာယီအသွားအလာကန့်သတ်
Dec 18,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံ၌ ယမန်နေ့ည (၉)နာရီခွဲခန့်က ကိုယ်ဝန်ဆောင်လူနာအမျိုးသမီးတစ်ဦးအား အရေးပေါ်ခွဲစိတ်ကုသပေးပြီးနောက် လူနာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကနဦး စစ်ဆေးတွေ့ရှိချက်အရ အဆိုပါဆေးရုံကို ယာယီ အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။