သတင်းများ

သုံးခွမြို့နယ် စပါယ်ချောင်ကျေးရွာတွင် ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအား ကွင်းဆင်းတိုင်းတာစစ်ဆေး
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက သုံးခွမြို့နယ် ကျေးလက်‌ ဒေသဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြာင်း သိရှိရသည်။
ညောင်ဦးမြို့ မဏိစည်သူဈေးနှင့် ဘုန်းစဉ်ခွန်လွတ်ဈေးတို့တွင် ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး သင်းမှ နှာခေါင်းစည်းနှင့် Face Shield များဖြန့်ဝေ
Dec 18,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှအပြင်ထွက်သူတိုင်း နှာခေါင်းစည်း Maskတပ်ဆင်သွားလာစေရေး ပညာပေးလှုပ်ရှားမှု ယနေ့နံနက် ၈နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့တွင် ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်စျေးဆိုင်များ လိုက်နာခြင်း ရှိ မရှိ စစ်ဆေး
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့တို့၏ ညွှန်ကြားချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော သတ်မှတ်စျေးဆိုင်များကို လိုက်လံ စစ်ဆေးသည်။
ကာမိုင်းမြို့၌ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော Volunteer များအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Dec 18,2020
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ Quarantine Center များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
မိုးကုတ်မြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းစာရင်းရေးသွင်းနည်းသင်တန်းဖွင့်လှစ်
Dec 18,2020
မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း စာရင်းရေးသွင်းနည်းသင်တန်းကို ယ​​နေ့နံက် ၁ဝနာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လည်ဘူးမြို့နယ် စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးသည်၊ ဈေးဝယ်များ အား Face Shield နှင့် Mask များ အခမဲ့ဖြန့်ဝေ
Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Face shield နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ပန်ဆိုင်းမြို့နှင့် မုံးကိုးမြို့၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 18,2020
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် ဌာနဆိုင်ရာများက ယမန်နေ့က မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့တို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။