သတင်းများ

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်
Dec 18,2020
ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ တစ်ဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄) ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ယမန်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ် (၃) ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေး
Dec 18,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန် ယနေ့နံနက် ၁၀ နာရီက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား လိုက်လံ စစ်ဆေးကြောင်း သိရသည်။
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကို ဆိုလာပန်ကာမီးများ ပေးအပ်လှူဒါန်း
Dec 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ(၁၃)ရွာတွင် မီးလင်းရေးအခက်အခဲ ကြုံတွေ့နေကြသည့် ကျေးရွာနေပြည်သူများ အနေဖြင့် မီးလင်းနိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဆိုလာပန်ကာမီး စုစုပေါင်း အလုံး(၄၅၆)လုံးကို ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
နမ့်ဆန်မြို့နယ် Quarantine Centre မှ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုထားသူများ၏ တို့ဖတ်နမူနာများကို မူဆယ်ဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး
Dec 18,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိစပ်ထားသူများနှင့် နယ်ဝေးမှ ဝင်ရောက်လာသူ (၃၆)ဦး တို့၏ နှာခေါင်းတို့ဖတ် နမူနာကို မူဆယ်မြို့ ဓါတ်ခွဲဌာနသို့ ပို့ဆောင်၍ စစ်ဆေး ရာ(၃၆)ဦးလုံး ကိုဗစ်ပိုး ကင်းရှင်းကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိ
Dec 18,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်‌တွင် ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြု လူနာ(၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၈၄) တန်အား လွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် (၉) နာရီက အာဆီယံ+၃ နိုင်ငံအဖွဲ့ဝင် ကိုရီးယားသမ္မတ နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၈၄) တန်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းရွေးချယ်ခြင်းများ ဆောင်ရွက်
Dec 18,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်‌၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပျဉ်းမနားမြို့နယ် အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာများဖြစ်သည့် မဲပေါက်အုပ်စု၊ မဲပေါက် ကျေးရွာနှင့် မြေမြို(ခ) မြိုင်သာယာကျေးရွာများတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Dec 18,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် နေ့/ည တာဝန်များခွဲကာ မိမိတို့မြို့၊ ရပ်ကွက် /ကျေးရွာများရှိ အဝင်/အထွက်နေရာများတွင် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များကို အချိန်နှင့်တပြေးညီ ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။