Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နမ္မတူမြို့နယ်၌ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်
Dec 10,2020
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး (၂၀၀) ကျပ်ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့နယ်တရားရုံးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ အထက(၁)တွင် Quarantineဝင်ရောက်နေသော အမျိုးသမီး(၂၉)ဦးအား အမျိုးသမီး အသုံးအဆောင် ပစ္စည်းများပေးအပ်
Dec 10,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထက(၁)တွင်Quarantine ဝင်ရောက် နေသော အမျိုးသမီး(၂၉)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီး အသုံးအဆောင် ပစ္စည်း များကို ယနေ့နံနက်(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် မိုးစပါးဧရာမင်းမျိုးစေ့ထုတ်စိုက်ကွက် စံကွက် ရိတ်သိမ်းခြင်း တောင်သူကွင်းပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Dec 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ၊ တောင်သူ ဒေါ်ရီ၏ ကိုဗစ်- ၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထားရှိသော ကွင်း အမှတ် ၁၀၄၉၊ ဦးပိုင်အမှတ်၁၆၈၊ မိုးစပါး ဧရာမင်း မျိုးစေ့ထုတ် စိုက်ကွက်၌ စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၁၀နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ရှိ ဆေးဆိုင်များအား သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါး များအား မီးရှို့ဖျက်ဆီးခြင်း ဆောင်ရွက်
Dec 10,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ခရိုင် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများအား မီးရှို့ ဖျက်ဆီးခြင်းကို ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လမ်း၊တံတား တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်မည်
Dec 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက် လမ်း၊တံတားတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၁၄ ဒသမ ၇၁၀၊တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်သန်း ၈၉၂ ဒသမ ၇၀၀ စုစုပေါင်း ကျပ်သန်း ၁၁၀၇ ဒသမ ၄၁၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅) ဦးအထိ တိုးလာ
Dec 10,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ အတည်ပြုလူနာ ယခုလတ်တလောအချိန်တွင် (၅) ဦးအထိ တိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Quarantine ဝင်ရောက်နေသူများအတွက် သောက်သုံးရေအဆင်ပြေစေရန် အလှူရှင်အသီးသီးမှ လှူဒါန်းခဲ့သော ရေသန့်ကဒ်(၆၀၀)ကျော်ထိလှူဒါန်းရရှိ
Dec 10,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုရှိ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန၌ Quarantine ဝင်ရောက်နေသူ များ သောက်သုံးရေ အဆင်ပြေစေရန် အလှူရှင် အသီးသီးမှ လှူဒါန်းခဲ့သော ရေသန့်ကဒ်(၆၀၀) ကျော်ထိရရှိထားကြောင်း အဆိုပါ Quarantine Center မှ တာဝန်ရှိသူ ဆရာဦးသက်လွင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်၏ အမှတ်အသားဖြစ်သည့် တောင်ဇလမ်ပန်းနှင့် ချယ်ရီပန်းများ ခုတ်ယူခြင်းမရှိစေရေး သတိပေး ကြော်ငြာချက် ထုတ်ပြန်
Dec 10,2020
ကလေး-တီးတိန်-ဖလမ်းကားလမ်းဘေး (ဝဲ/ယာ)တွင် ချင်းပြည်နယ်၏ အထိမ်းအမှတ် သစ်ပင်ပန်းများ ဖြစ်သည့် တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများသည် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သဘာဝ အလျောက်လှပစွာ ပွင့်လန်း လေ့ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27469
Page
27470
Page
27471
Page
27472
Current page
27473
Page
27474
Page
27475
Page
27476
Page
27477
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department