သတင်းများ

ရိခေါ်ဒါရ်မြို့၌ နေရပ်ပြန်လာသူလေးဦး ထပ်မံရောက်ရှိလာကြပြီး နေရပ်ပြန် သုံးဦး တို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးပြီး ကျန်တစ်ဦးအား ရိခေါ်ဒါရ်မြို့ Facility Quarantine Centre ၌ စောင့်ကြည့် ထားရ
Dec 10,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား လေးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အဆိုပါ လေးဦးအနက် အမျိုးသား သုံးဦးတို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အ.ထ.က ခွဲ ကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး
Dec 10,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှစ်ခု၌ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်အတွင်း နှစ်ရက်ကြာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးကွင်းဆင်း ကြည့်ရှုစစ်​ဆေး
Dec 10,2020
ချောက်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ​ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ​ချောက်မြို့အတွင်းရှိရပ်ကွက်များ​​၊တို့တွင် မီး​ဘေးလုံခြုံ​ရေးမီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် စစ်ဆေး အကြံပေးခြင်း လုပ်ငန်း များဆောင်ရွက်သည်။
ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး
Dec 10,2020
မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်းရှိ နွေစပါးနှင့်အခြားသီးနှံများစိုက်ပျိုးသည့် တောင်သူ များ အဆင်ပြေစေရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးတွင် ယနေ့နံနက်(၁၁)နာရီက ဆောင်းသီးနှံစိုက်ပျိုးစရိတ် ပဲမျိုးစုံ စိုက်ပျိုးရန်အတွက် ဒေါင်းရပ်အရှေ့ကျေးရွာရှိ တောင်သူများအား ချေးငွေများ ဆက်လက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းများ ဆွေးနွေးပို့ချ
Dec 10,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ယနေ့နံနက် ၁ဝ နာရီအချိန် က ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ စီမံကြီးကြပ်မှု့ဖြင့် မြို့နယ်တွင် အတည်ပြု ခန့်ထားပြီးဖြစ်သော ဝန်ထမ်းသစ်များအား ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းများ ဆွေးနွေးပို့ချခြင်း ဖွင့်လှစ် ဆောင်ရွက်သည်။
မွန်ပြည်နယ် ရေးမြို့နယ်၌ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ Mobile Laboratory Van ဖြင့် ကွင်းဆင်းစစ်ဆေး
Dec 10,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ယာယီတာဝန်ခံ) ဦးစီးအရာရှိ မိဟံသာမွန် ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဒေါ်အိဖြိုးတို့ပူးပေါင်း၍ အစင်ကျေးရွာအတွင်း ရောင်းချလျက်ရှိသောအစားအသောက် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို အိမ်ဆိုင်များ၊ဈေးဝင်းရှိဈေးဆိုင်ခန်းများတွင် တားမြစ်အလှ ကုန်ပစ္စည်းများ၊ သက်တမ်းကုန်ဆေးဝါးများနှင့် အစားအသောက်များကို Mobile Laboratory Van ဖြင့် ဒီဇင် ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ဧရာဝတီ တံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်၌ တာဝန်ယူဆောင်ရွက်သူများအား ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်း
Dec 10,2020
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်၊ ဧရာဝတီတံတား(ပခုက္ကူ)စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာ ကွယ်ရေး လုပ်ငန်းများ တာဝန်ယူဆောင်ရွက်သူများအားအတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီက ပေးအပ်လှူဒါန်းကြသည်။