မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၄)ဦး တွေ့ရှိ
Dec 09,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ညပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၄)ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိသူအားလုံးမှာ ကန်ရေကျေးရွာမှဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။