သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း mask campaign ပြုလုပ်‌
Dec 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း mask campaign ပြုလုပ်‌ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန် မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွများနှင့် ပင်လည်ဘူး-ဖောင်းပြင်သွား အင်ကုန်းမူးတံတား ထိပ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံအား အသစ်ပြန်လည်တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
Dec 09,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုသဆောင်ရွက်ပေးနိုင်ရေးအတွက်
လှိုင်းဘွဲမြို့နယ် နေရပ်ပြန်ပြည်သူ(၃၉)ဦးအား အသိအမှတ်ပြုကတ်ပြားထုတ်ပေး၍ နေရပ် သို့ပြန်လည် စေလွတ်
Dec 09,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေး စခန်းများ စီစဉ် ဆောင်ရွက်ပြီး စောင့်ကြည့်လျှက်ရှိရာ မြိုင်ကြီးငူအထူးဒေသ နန်းသီလာမြိုင် ကန့်သတ် စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့်မြောက်သူ(၃၉)ဦးအား အသိအမှတ ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့က မိမိနေအိမ်သို့ ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သိရှိရသည်။
တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦသစ်ဖွင့်လှစ်
Dec 09,2020
စစ်ကိုင်းတိုင်းသေဒကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဆောက်အဦး ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask နှင့် Face shield များ အခမဲ့ဖြန့်ဝေ
Dec 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီမှစ၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ပါးစပ်၊နှာခေါင်စည်း(Masks) နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်တည်ဆောက်နေသည့် လုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးနိုင်ရေးအတွက် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
Dec 09,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေးမြေညီထပ်တည်ဆောက်နေသည့် လုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးနိုင်ရေး အတွက် ယမန်နေ့ နံနက်(၁၁) နာရီအချိန်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။