သတင်းများ

တပ်ကုန်းမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 09,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့မဈေး အတွင်း/အပြင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်း များက သွားရောက်၍ (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုင်ကယ်ပြုပြင်ရေး သင်တန်း ဖွင့်လှစ်သင်ကြားပေး
Dec 09,2020
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်း အတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဒီဇင်ဘာလမှ စတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။
မလှိုင်မြို့၌ ကျောင်းဖွံ့ဖြိုးရေးတိုးတက်ရေးရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ပေး
Dec 09,2020
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်ပညာရေးဌာနမှ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ မလှိုင်မြို့ရပ်ကွက်ကြီး (၁) နယ်မြေရှိ မူလွန်ကျောင်း၌ ယမန်နေ့က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည် ။
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များဖြန့်ဝေ
Dec 09,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အတွဲ(၄)အမှတ်(၇) သတင်းစကား လက်ကမ်းစာစောင်များကို၊ မြို့မဈေးနှင့် တံစိုးလမ်းဆုံ၊ရဲစုမြို့ပတ်လမ်းဆုံတို့တွင်ယနေ့နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ချီဖွေမြို့ စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Dec 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက် ခဲ့သည်။
မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 09,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီက မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများနှင့် မြို့မစျေးအတွင်း သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကျိုက်မ​ရောမြို့တွင် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ​ဆောက်လုပ်လှူဒါန်း​သော ​​ကျောင်း​ဆောင်သစ် လွှဲ ပြောင်း​ပေးအပ်ပွဲ ကျင်းပ
Dec 09,2020
​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ​ဆောက်လုပ်လှူဒါန်း​ခဲ့​သော တစ်ထပ်​ကျောင်း​ဆောင်သစ်အား ပညာ​ရေးဝန်ကြီးဌာနသို့ လွှဲ​ပြောင်း​ပေးအပ်ပွဲအခမ်းအနားကို ယမန်​နေ့ည​နေ ၃နာရီက ကျိုက်မ​ရောမြို့​နယ်၊​ရေပူ​ကော့စပ်​ကျေးရွာ အ​ခြေခံပညာအလယ်တန်း​ကျောင်း ​ကျောင်း​ဆောင်သစ်၌ ပြုလုပ်ခဲ့သည်။