သတင်းများ

ညောင်ရွှေမြို့နယ်အတွင်း တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးများထောက်ပံ့
Dec 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ တိရစ္ဆာန်များ ရာသီအလိုက် ကူးစက်ရောဂါများဖြစ်ပွားမှု ကြိုတင်ကာကွယ်ရန်အတွက် ကာကွယ်ဆေးများ ထောက်ပံ့ခြင်းနှင့် ကျေးရွာ အုပ်စုအလိုက် တာဝန်ခွဲဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများလှူဒါန်း
Dec 09,2020
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ ဟားခါးမြို့၊ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် စိုက်ပျိုးထားသော စိန်တစ်လုံးသရက်ခြံအား ကွင်းဆင်းစစ်ဆေး
Dec 09,2020
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးအုပ်စု ကွင်းအမှတ်(OSS) တွင် တောင်သူဦးညွန့်ဝင်း၏ ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားသော စိန်တစ်လုံး သရက်ခြံအား ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၌ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲပြုလုပ်
Dec 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာ အုပ်စု၊ ပင်စုံကျေးရွာတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ် ခဲ့သည်။
ကရင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ငွေကျပ်(၇၈၆)သိန်းတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 09,2020
ကရင်ပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်(၇၈၆)သိန်း တန်ဖိုးရှိ Cloth Mask (၁၃၀၀၀၀)ခုနှင့် Surgical Gowns(၃၀၀)ထည်တို့ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပင်းတယမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်
Dec 09,2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီက ပင်းတယမြို့၊ အင်းငယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
လမ်းမတော်မြို့နယ်တွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်များအား ဆဌမအကြိမ် မြောက် Mobile market ကားများဖြင့် လိုက်လံရောင်းချ
Dec 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်းစျေးသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ မိမိတို့နေအိမ်အနီးမှာပင်အလွယ် တကူဝယ်ယူနိုင်စေရေး၊ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သောအသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန် ပစ္စည်းများအား ပြည်သူများအလွယ်တကူဝယ်ယူရရှိနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းတို့ ကြီးမှူး၍ ယနေ့နံနက်(၇)နာရီမှစတင်၍ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ၇လမ်းနှင့်၈လမ်းကြားတို့တွင် Mobile market ဈေးကားများဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။