သတင်းများ

ဖျာပုံမြို့နယ် ကိုဗစ်ကော်မတီသို့ အလှူရှင်များမှအလှူငွေ PPE၊ အောက်စီဂျင်ဗူးများ၊ Handgel ဗူးများလှူဒါန်း
Dec 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီသို့ ရန်ကုန်မြို့မှ အလှူရှင်များက အလှူငွေ၊ PPEနှင့် အောက်စီဂျင်ဗူးများ လှူဒါန်းပွဲကိုယမန်နေ့၊ နေ့လယ်(၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သုံးခွမြို့နယ်တွင် ၁၄ ကြိမ်မြောက် China Exim Bank ချေးငွေများ ပြန်လည်ကောက်ခံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 09,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် သမဝါယမအသင်းစုလီမီတက်ရုံးတွင် ၁၄ ကြိမ် မြောက် China Exim Bank ချေးငွေ များပြန်လည်ကောက်ခံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်‌နေ့ နံနက်၁၁နာရီက ကျင်းပကြောင်းသိရှိရသည်။
ခရမ်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဈေးရောင်း/ဈေးဝယ်များအား mask များဖြန့်ဝေ
Dec 09,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် Stay Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါကူးစက် ပျံနှံ့မှုအားလျှင်မြန်စေ သော လူစုလူဝေးဖြစ်ပေါ်မှု့ကို လျှော့ချနိုင်စေရန်အတွက် ခရမ်းမြို့မဈေးကြီးတွင် စားသောက်ကုန်ပစ္စည်းနှင့်သား/ငါး အသီးအနှံများသာရောင်းချ ခွင့်ပြုထားပြီး အခြားမည်သည့်ဆိုင်မျှ ဆိုင်ဖွင့်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီကဆောင်ရွက်ခဲ့သည်။
ချီဖွေမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ရသော စားသောက်ဆိုင်များအား ညွှန်ကြားချက်များလိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး
Dec 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ(၈)ရက် မွန်းလွဲ(၁)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်
Dec 09,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ညနေ (၄)နာရီ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်ရပ်ကွက်များအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ လှည့်လည် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတော၌ အမျိုးသားအောင်ပွဲနေ့နှစ်တစ်ရာပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူများထံဖြန့်ဝေ
Dec 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ အမျိုးသားအောင်ပွဲနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇) ကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပြည်သူများထံသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။