သတင်းများ

နမ့်ဆန်မြို့၌ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 07,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းရန် အဆိုပြုချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်
Dec 07,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၅)သိန်းအား လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်
Dec 07,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း အချိန်အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၃၆၉ ဦးရှိပြီး မြို့နယ် ကုတင်-၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ Positive လူနာ ၁၁၂ ဦးရှိကာ သေဆုံးလူနာ ၁ ဦးနှင့် ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းသူ ၂၅၇ ဦးရှိပြီဖြစ်သည်။
ကျောင်းကုန်းမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ စည်းကမ်းသတ်မှတ်ချက်နှင့် ညီညွတ်စေရေး လိုက်လံစစ်ဆေး
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အိမ်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန် လိုက်လံစစ်ဆေးခဲ့ကြသည်။
၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်
Dec 07,2020
၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ် အမျိုးသမီး ကော်မတီဉက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများ၌ Mask Campaign ပြုလုပ်
Dec 07,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အတွင်း၌ Mask Campaign ပြုလုပ်ကာရပ်ကွက်အတွင်းရှိ ဈေးသူ၊ ဈေးသားများ၊ လမ်းသွားလမ်းလာများ၊ ကျေးရွာ အုပ်စုများအတွင်းရှိ လူစည်ကားရာနေရာများ၌ (Mask)များ၊ Face Shield များကို လိုက်လံဝေငှ ပေးခဲ့ကြကြောင်း သိရသည်။
ဖျာပုံမြို့ပေါ်ရှိဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး (Mask, Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုး ဦးဆောင်၍ ဖျာပုံမြို့ မြောက်ပိုင်းစျေးနှင့် လူစည်ကားရာနေရာများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုအဖြစ် (Mask Face Shield Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက ဖျာပုံမြို့ မြောက်ပိုင်စျေးတွင် ဆောင်ရွက်ကြသည်။
ပြင်စလူမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင် သွားလာကြရန် အတွက် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့တွင်းလမ်းစုံများ၊ ကုန်စုံဆိုင်များ၊ စားသောက် ဆိုင်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။