သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အိမ်ပြင်ထွက်သူများ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရေးစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 07,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈  နာရီက မြို့နယ်အတွင်းရှိ (၄၈)ရပ်ကွက်၊ ဖြိုးစပယ်စျေးနှင့် ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့အ၀င်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် နေ့စဉ်ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 07,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအချိန်အထိ မြို့အ၀င်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစည်ကားသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Dec 07,2020
ရန်ကုန်မြို့တော်၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်(၈)၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လူစုလူဝေး များဖြင့် အမြဲဖြစ်လေ့ရှိသည့် အင်ယားကန်ဘောင် နေရာသို့ ယမန်နေ့ ညနေပိုင်းတွင် သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လှိုင်မြို့နယ်​​ပါရမီစိန်​​ဂေဟာ​​ရှေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်
Dec 07,2020
ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ် ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယမန်နေ့ည​နေ(၄) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပါရမီလမ်းရှိ ပါရမီစိန်​ဟော​ရှေ့တွင် ကိုဗစ်-၁၉ ကော်မတီဝင်များက အရှိန်အဟုန်မြှင့်ဆောင် ရွက်ခဲ့ကြသည်။
ရွာငံမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 07,2020
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် နှစ်စဉ်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း၏ သမိုင်းကျောင်းများကို ပြည်သူများသိရှိနိုင်စေရန် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) အသိပညာပေးစာစောင်များကို ယနေ့ နံနက်ပိုင်းမှစ၍ဖြန့်ဝေပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Dec 07,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်‌ တောင်ပိုင်း ခရိုင် ကော့မှူးမြို့နယ် မြို့မဈေးကြီးရှေ့နှင့် လမ်းဆုံလမ်းခွများတွင်‌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၁၁) ဦး ထပ်မံတွေ့ရှိ
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများ နှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ နိုဝင်ဘာလ ၅ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ကျောက်မဲ မြို့တွင် ဆောက်ရွက်
Dec 07,2020
၂၀၂၀ ပြည့်နှစ် ၊ ဒီ ဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက် ရေးနေ့ World AIDS Day အထိမ်း အမှတ်အဖြစ် အသိပညာဆွေးနွေးပွဲကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA ၏ စီစဉ်မှုဖြင့်ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ မက်သာဒုန်းတိုက်ကျွေးရေးဌာန ရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။