သတင်းများ

မူဆယ်မြို့ မြန်မာ-တရုတ် နယ်စပ်ဂိတ် (နန်းတော်ဂိတ်)မှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ များကို တရားဝင် အဝင်/အထွက် စတင်ခွင့်ပြု
Jan 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ၊ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများကို (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ပြီး တရားဝင် အဝင်/အထွက် ခွင့်ပြုပြီဖြစ်ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီဌာနမှ သိရသည်။
ကော့သောင်းမြို့တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့ ပျော်ရွှင်စွာဆင်နွှဲ
Jan 01,2020
ကော့သောင်းမြို့တွင် ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ်သို့ ကူးပြောင်းသည့် နိုင်ငံတကာနှစ်သစ်ကူးနေ့ ကြိုဆိုသည့်ပွဲတော်ကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နေပြည်သူများ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ ပျော်ရွှင်စွာဆင်နွဲခဲ့ကြကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် လွတ်လပ်ရေးနေ့အကြို ပထမဆုံးအကြိမ် မိုက်ခရိုမာရသွန်ပြိုင်ပွဲ ယင်းမာပင်မြို့၌ ကျင်းပ
Jan 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် လွတ်လပ်ရေးနေ့အကြို ပထမဆုံးအကြိမ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၅နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်
Jan 01,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delievery) ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာ မဇ္စျိမာရာမအလယ်ကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jan 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းအား ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့်ကျောက်ရောမြေလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ
Jan 01,2020
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မကြက်တောင်ရုံဘေးကပ်လျက်ရှိ ဘော်လီဘော အားကစားကွင်း၌ စတင်ကျင်းပခဲ့ပါသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကျင်းပ
Jan 01,2020
မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ယမန်နေ့ နံနက် ၇ နာရီက ရွှေလီမြို့၊ နော်မောဟုပန်းခြံ၌ ပြုလုပ်ကျင်းပပြီး ပြိုင်ပွဲဝင်စုစုပေါင်း (၇၀၀၀)ကျော်ခန့် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
Myanmar Countdown 2020 ပွဲတော်ကို မန္တလေးမြို့သူ၊ မြို့သားများ ပျော်ရွှင်စွာဆင်နွှဲကာ နှစ်သစ်ကို ကြိုဆို
Jan 01,2020
Myanmar Countdown 2020 ပွဲတော်ကို ယမန်နေ့ ည ၉ နာရီမှ စတင်၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ကျုံးတောင်ဘက်ချမ်းရှိ မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ မျက်နှာစာရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးမြို့တော်သူ၊ မြို့တော်သားများ၊ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများစုဝေးကာ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြ ကြောင်းသိရသည်။