Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရန် အသိပညာပေး နှိုးဆော်ခြင်းနှင့် စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေချမှတ် အရေးယူခြင်းများ ဆောင်ရွက်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော စည်းကမ်းချက်များအား အလေးထားလိုက်နာခြင်း ရှိစေရန် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်ကြစေရန် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လူအများသွားလာနေသော နေရာများဖြစ်သည့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ယမန်နေ့မနက် (၉) နာရီကစ၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
Dec 07,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၊ စီမံချက် လုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 07,2020
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ ပဲခူးခရိုင် ဦးစီးမှူး ဒေါ်မေမျိုးဟန် ၊ ကဝမြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်နှင့် အဖွဲ့ဝင်များသည် မုဒုကျေးရွာ အုပ်စု ၊ မုဒုကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း စီမံချက်လုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ Facility Quarantine နေထိုင်ပြီးသူ(၂၈)ဦးအား နေထိုင်ပြီးစီးကြောင်း လက်မှတ်ပေးအပ်
Dec 07,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေ ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine နေထိုင်ပြီးစီးသူ (၂၈)ဦးကို ယနေ့ နံနက် ၉ နာရီက နေထိုင်ပြီးစီးမှု လက်မှတ်ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၃၅၀)နှင့် အလှူငွေများ လှူဒါန်း
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၃၅၀)နှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးနိုင်ရန် သစ်တော၊ သစ်ပင်နှင့် နှစ်ရှည် သီးပင်စားပင်များ ပျိုးထောင်ထားရှိ
Dec 07,2020
၂၀၂၁ ခုနှစ်၊ မိုးရာသီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့ ပတ်ဝန်းက ျင်၌ စိမ်းလန်းစိုပြေရေး၊ သစ်တော၊ သစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များအခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ကျောက်တ လုံးကြီး မြို့၊ သစ်တော ဦးစီးဌာန ပျိုးဥယျာဉ် တွင်ပျိုးပင်ပေါင်း (၂၈၀၀၀)ပင် ပျိုးထောင်ထားကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၂)ဦးကို Quarantine ဝင်ရောက်ရန် ထောက်ကြန့် တိုးဂိတ်ဟောင်းမှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃) သို့ ပို့ဆောင်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးဂိတ်ဟောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၂)ဦးကို Quarantine ဝင်ရောက်ရန်အတွက် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက သွားရောက် ခေါ်ဆောင်၍ အင်းစိန်(GTI) Quarantine Center (၃)ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ စေတနာမွန် လူမှုကူညီရေးအသင်းသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Cutter စက်ဝယ်ယူရရေး မတည်ငွေလှူဒါန်း
Dec 07,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ စေတနာမွန် လူမှုကူညီရေးအသင်းသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သည့် Cutter စက်ဝယ်ယူရန် မတည်ငွေ ကျပ် ဆယ်သိန်းအား ယမန်နေ့ က မတည်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27524
Page
27525
Page
27526
Page
27527
Current page
27528
Page
27529
Page
27530
Page
27531
Page
27532
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department