သတင်းများ

လွိုင်လင်မြို့၌ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ် စာရင်းကောက်သင်တန်းဖွင့်
Jan 02,2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ် စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး သင်တန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ
Jan 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီလ(၁)ရက်မှ စတင်ပြီး ဘုတလင်မြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။
ကလေးစာပေပွဲတော်ကျင်းပမည့် အ.ထ.က (ကွင်းကောက်)၌ အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်
Jan 02,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အစီအစဉ်တကျ ကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်မှုများ ကို ယနေ့ နံနက်ပိုင်းက အ-ထ-က(ကွင်းကောက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေသွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ ကွင်းဆင်းစစ်ဆေး
Jan 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နေ ဒေသခံတိုင်းရင်းသားပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရန် ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေ သွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်တာဝန်ပေးချက်အရ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သည့် ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်း က နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေထွက်နှင့် ရေသွယ်တန်းယူမည့် လုပ်ငန်းနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၆)ခု အကောင်အထည်ဖော် ဆောင်ရွက်မည်
Jan 02,2020
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၆)ခုအား တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် ကုသိုလ်ဖြစ် လှူဒါန်း
Jan 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက် သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် အားမာဃဆွမ်းလောင်းဓမ္မာရုံကြီး၌ ယမန်နေ့ ၈ နာရီ ၃၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကောလင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်း ဖွင့်လှစ်
Jan 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။