သတင်းများ

ကန်ကြီးထောင့်မြို့တွင် မီးဘေးအန္တရာယ် ကင်းဝေးရေး သတိပေးချက်များ လှည့်လည်အသိပေးနှိုးဆော်
Dec 07,2020
ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးသတိ အမြဲရှိနေစေရေးအတွက် ကန်ကြီးထောင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတိပေးချက်များကို ယမန်နေ့ ညနေ ၄ နာရီမှ စတင်ကာ မီးသတ်ယာဉ်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦး စတင်တွေ့ရှိ
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှစ်ဦး စတင်တွေ့ရှိကြောင်း ချောင်းသာမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အတည်ပြု ပြောကြားခဲ့သည်။
ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာစာသင်ကျောင်းများသို့ ကွန်ပျူတာနှင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ လှူဒါန်း
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုရှိ သဲကျင်းကျေးရွာနှင့် ပိုးလောင်း ကျေးရွာရှိ စာသင်ကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Worldview International Foundationမှ Computerနှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောင်းအသုံးအဆောင် ပစ္စည်းများအား သွားရောက် လှူဒါန်းခဲ့ကြသည်။
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နှာခေါင်းစည်း(Mask)မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နေအိမ်ပြင်ပဘက်သို့ သွားလာသူတိုင်း နှာခေါင်းစည်း(Mask)များ မဖြစ်မနေတပ်ဆင်သွားလာနိုင်ရေးအတွက် (Mask Campaign) အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်(၈)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ယာယီဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မုံးကိုးမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်း ဆောင်ရွက်
Dec 07,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း အစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က မုံးကိုးမြို့၊ မြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Dec 07,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး Campaing လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဗိုလ်ချုပ်‌ဈေး လမ်းမတလျှောက် ပြုလုပ်ဆောင်ရွက်သည်။
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နှာခေါင်းစည်းများ ဖြန့်ဝေ
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာန၏ နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် နှာခေါင်းစည်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန့်နေ့၊ နေ့လည်(၁) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ကွမ်းလုံ၌ တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၈)ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၈)ဦး အား အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ) ၌ ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ထားသည်။