သတင်းများ

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မိသားစု၀င်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ပျိုးစို့ Talk Show အစီအစဉ်ပြုလုပ်
Dec 03,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် မိသားစု ၀င်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ပျိုးစို့ Online Talk Show အသိပညာပေး ဆွေးနွေးမှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရပါသည်။
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ မုံဉ္ဇလီကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 03,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ မုံဉ္ဇလီ ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မုံဉ္ဇလီ ဘက်စုံအဆင့်မြင့် စံပြကျေးရွာ၊ တောင်သူ ဦးကြည်ခိုင်၏ ကွင်းအမှတ်(၅၂)၊ ဦးပိုင်(၃၃၆)၊ စိုက်ဧက(၁.၃၅) တွင် ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ဟင်းသီးဟင်းရွက်၊သား၊ငါးအခြေခံစားသောက်ကုန်များအား Mobile market ကားများဖြင့် ရပ်ကွက်များအရောက်လိုက်လံရောင်းချ
Dec 03,2020
ရန်ကုန်အ​​ ရှေ့ပိုင်းခရိုင်၊ ​ရန်ကင်း မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှု အရ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာသောဈေးများသို့ သွားရောက် ဝယ်ယူခြင်း မပြုရ သည့် အတွက်ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင်ရေး ၊သန့်ရှင်း
ရန်ကင်းမြို့နယ်တွင် Stay at home ကာလ မလိုအပ်ပဲ ပြင်ပသို့ သွားလာခြင်းမရှိစေရန် ကွင်းဆင်းဆောင်ရွက်
Dec 03,2020
Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ပြည်သူများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တမူးခရိုင် မြို့သစ်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့်စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲပြုလုပ်
Dec 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ် အရ SRI စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် မှော်ဘီ-၂ မိုးစပါးမျိုးစေ့ ထုတ်ကွက် အား ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၁၀ နာရီက မြို့သစ်မြို့၊ ဗန္ဒုလကျေးရွာရှိ တောင်သူ ဦးမျိုးထွန်း၏ ကွင်းအမှတ် ၉၀၀(က)၊ ဦးပိုင်အမှတ် ၄၂ တွင် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကိုပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Quarantine Centre အမှတ်(၃)တွင် ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူ များအား RDT Test Kit ဖြင့် Swab ယူစစ်ဆေး
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူများ နှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူများထားရှိသည့် Quarantine centre (၃)ခုရှိပြီး ယမန်နေ့ နံနက်ပိုင်း၌ အမှတ်(၉၃) ရပ်ကွက်၊ Quarantine centre အမှတ် (၃)ရှိ ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူများအား RDT Test Kit ဖြင့် Swab ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စားသောက်ဆိုင်များ COVID-19 ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်ရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေး
Dec 03,2020
မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် ဖွင့်လှစ်‌ရောင်းချလျှက်ရှိသော စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စံသတ် မှတ်ချက်များနှင့်ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ဒီဇင်ဘာ(၂)ရက် နေ့လည် (၁)နာရီခန့်က ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
လင်းခေးတွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 03,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ကိုဗစ်-၁၉ Case No.75444 လူနာနှင့် ထိတွေ့မှု ရှိခဲ့ကြသူများမှ အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်မံကူးစက်ခံရမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။