သတင်းများ

ပိုင်ကျုံမြို့၊ (မူလွန်) ထန်းတပင်ကျောင်း စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်
Dec 03,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်‌ကျေးရွာရှိ (မူလွန်) ထန်းတပင်ကျောင်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် (အလျား ၇၀ ပေ x အနံ ၃၀ ပေ x အမြင့် ၁၂​ ပေ) ရှိသော ကျောင်းစာသင် ကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၅၀၀,၀၀၀) ကျပ်နှင့် ပြည်သူလူထုထည့်ဝင်ငွေ (၁,၅၀၀,၀၀၀) ကျပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေး
Dec 03,2020
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ပေါ်ရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဓါတ်ဆီဆိုင်များအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ(၂)ဦးထပ်မံတွေ့ရှိ
Dec 03,2020
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၃၀၇)ဦး၏ ဓာတ်ခွဲ နမူနာများကို (၁.၁၂.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂.၁၂.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၂)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။
ကွမ်းလုံမြို့နယ် ဟိုလီမြစ်စုံတွင် အများပြည်သူ လည်ပတ်အပန်းဖြေနိုင်ရန်အတွက် ရှုခင်းသာဆောင်ရွက်
Dec 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာအဝင် နမ့်လင်းချောင်းနှင့် သံလွင်မြစ်ဆုံရာ ပြည်ထောင်စုလမ်းမကြီးနံဘေး၌ အများပြည်သူအပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေး အားကစားလေ့ကျင့် ခန်းများ ပြုလုပ်နိုင်ရန်အတွက် HoLi Confluence ဟိုလီမြစ်စုံရှုခင်းသာအား ပြုလုပ်ဆောင်ရွက်ထားကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင်ထိုးနှံ
Dec 03,2020
သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန် အတွက် အသက်(၉) နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များကို (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုး လုပ်ငန်းကို ပုံမှန်ကာကွယ် ဆေးထိုး လုပ်ငန်း များတွင် ထည့်သွင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ အသက်(၉) နှစ်မှ (၁၀)နှစ် အတွင်း အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဒီဇင်ဘာလ (၂)ရက်နေ့ မှ စတင်ကာ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် အသင်းတော်များမှ ပါစတာများ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Dec 03,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ၊ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် အသင်းတော်များမှ ပါစတာများ လုပ်ငန်း​ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းများ၌ ပါဝင်ကူညီရန် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်မည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မြို့ယ်ကိုဗစ်ကော်မတီနှင့် ‌ဒေသအလှူရှင်များမှ ငွေများ ထောက်ပံ့လှူဒါန်း
Dec 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနှင့် ခရိုင်ကြက်ခြေကြီးကြပ်မှု‌ေကာ်မတီမှ တာဝန်ရှိသူများနှင့် ဒေသခံအလှူရှင်များက ရန်ကုန်မြို့ ကိုဗစ်၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများ၌ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် ကူညီကြမည့် ကျောက်မဲမြို့မှ ကြက်ခြေနီအဖွဲ့ဝင် ၁၀ ဦးအတွက် ငွေများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များ သားအိမ်ခေါင်း ကာကွယ် ဆေး စတင်ထိုးနှံ
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊  ကမာရွတ် မြို့ နယ်တွင် အိတ်ချ်ပီဗီပိုး ကြောင့်ဖြစ်တတ်သော သားအိမ်ခေါင်း ကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင်ဖြစ်ပွား တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန် အတွက် (HPV) ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီချိန်တွင် အမှတ် ၃ ရပ်ကွက် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။