မော်လမြိုင်ကျွန်းမြို့နယ် နာရေးကူညီမှုအသင်းသို့ နာရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ မြို့မဈေး၊ သားငါးဈေးမိသားစုဝင်များနှင့် စေတနာရှင်များမှ လူမျိုးမရွေး၊ ဘာသာမရွေး အသုံးပြုနိုင်ရန်အတွက် မြို့နယ်နာရေးကူညီမှုအသင်းသို့ စုပေါင်းလှူဒါန်းသော Cool box ၊အင်ဂျင်စက်နှင့် ဒိုင်နမိုစက်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၁၄)လမ်း၊ ပုညဝိသုဒ္ဓိဓမ္မာရုံတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများ ပင့်ဖိတ်၍ ပေးအပ်လှူဒါန်းခဲ့သည်။