ညောင်ဦး၌ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် ဓာတ်အားစနစ်မှ ကျေးရွာ သုံးရွာအား တပြိုင်တည်း မီးလင်း
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများ မီးလင်း နိုင်ရေးအတွက် အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာ သုံးရွာအား နိုင်ငံတော်ဓာတ်အား စနစ်မှ ယနေ့တွင် တပြိုင်တည်း မီးလင်း ပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင် ထံက သိရသည်။