ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီးရှိ တာဆန်းလဲ ရှေးဟောင်း ကပ်ကျော်လဒ်ခေါ် စေတီအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် မင်္ဂလာပန္နက်တင် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီးရှိ အလောင်းမင်းတရား တည်ထားကိုးကွယ်ခဲ့ သော တာဆန်းလဲ ရှေးဟောင်းပေါ်တော်မူ စေတီဘုရားအား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် မင်္ဂလာပန္နက်တင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ် အမှတ်(၂)ရပ်ကွက် ယုဇနလမ်း၌ ပြည်သူမှပြည်သူ့ထံသို့ အခြေခံစားသောက် ကုန်ပစ္စည်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေလှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် ပြည်သူမှ ပြည်သူထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးခြင်းအစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ယုဇလမ်းတွင် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း (Mask) များကို အလှူရှင် မိသားစုတစ်စုတို့မှ အဆိုပါလမ်းရှိ အိမ်ထောင်စု(၁၄)စုထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော မြိုမဈေးတွင် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘတ်ဂျတ်ဖြင့် လှည်းကူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၇)နာရီမှ စတင်ကာ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

​ဖားဆောင်းမြို့၌ (၇၃)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အသိပညာ​ပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​အ​ခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်း ၍ ​​(၇၃)နှစ်​​​မြောက် လွတ်လပ်​ရေး​နေ့အကြို အသိပညာ​ပေး Talk Show ကို ယ​​​နေ့ နံနက်(၁၀)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေး ဦးစီးဌာန၊ လူထုအ​ခြေပြုဗဟို ဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာန(ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် (၇)နာရီခန့်က လူစည်ကားရာ မြို့မဈေးနှင့် လမ်းဆုံလမ်းခွ နေရာများ၌ လိုက်လံဖြန့်ဝေခဲ့သည်။

မွေးစမှ(၅)နှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

မွေးစမှ(၅)နှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း ၂၀ နှင့် ၈၂ လမ်း‌ထောင့်ရှိ တဝဂူဘုရား အတွင်း၌ ပြုလုပ်သည်။

နတ်မောက်မြို့နယ်တွင် မုန်လာဥသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ယင်းချောင်း ရေးနှင့် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် မုန်လာဥသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း ဦးဖိုဘထံမှ သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၆)ဦး ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု လူနာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၆)ဦးသည် သတ်မှတ်ရက် (၁၁)ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့ နံနက်(၉)နာရီ အချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

(၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

(၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန် က အဆိုပါ တပ်ဖွဲ့ခွဲရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to