မြိတ်မြို့နယ် ကျွဲကူးကျေးရွာနှင့် သမုတ်ကျေးရွာတို့တွင် မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ကျွဲကူးဇက်ဆိပ်လမ်းရှိ ကျွဲကူး ကျောင်း တိုက်တွင် ယနေ့ နံနက် (၈) နာရီခန့်၌ ဓမ္မာရုံစတိုခန်းရှိ လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲ၍ မီးပွားကျပြီး ခေါင်းအုံးနှင့် မွေ့ရာများကို ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သမုတ်ကျေးရွာ မော်စုန်းရပ်ရှိ ဒေါ်အင်ဟုန်၏ နေအိမ်တွင် နံနက် (၁၀) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ထမင်းအိုးချက်ပြုတ်ရာမှ မီးဖိုမှတဆင့် အနီးရှိ ပစ္စည်းများ ကူးစက်ရာမှ မီးလောင်မှု (၂) ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အဦအား ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖွင့်လှစ်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၅ နယ်မြေ ပုသိမ် - ရန်ကုန် ကားလမ်းနဘေးရှိ ရွှေဝတ်မှုံတွင် ဧရာဝတီ တိုင်းဒေသကြီးလွတ်တော် အဆောက်အဦကို

ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းများ ပိုးမွှားကျရောက်မှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်း စိုက်ပျိုးထားသော ဆောင်းမြေပဲ စိုက်ခင်းများ ပိုးမွှားကျရောက်မှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးရွာချင်းဆက် မြေသားလမ်းပေါ်တွင် သဲကျောက်ခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု နောင်ကွတ်-မံစီကြီးကျေးရွာ ချင်းဆက်မြေသားလမ်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့၌ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ တိုက်နယ် ကျန်းမာရေး ဌာနနှင့် ကြက်ခြေနီရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထီးလင်းမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ (ငွေချည်-၉) စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် မိုးနှောင်း ချည်မျှင်ရှည်ဝါ (ငွေချည်-၉) ကို စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စုပေါင်းသွေးလှူဒါန်း

ပြင်ဦးလွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် လူမှုရေး အသင်း အဖွဲ့များ စုပေါင်း၍ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုစုပေါင်း သွေးလှူ ဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီက ပြည်သူ့ဆေးရုံကြီး၌​ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်

နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ညောင်ဦးခရိုင်တွင် အသက် ၁၀၀ နှစ်အထက်ဘိုးဘွားများနှင့် အသက် ၈၅ နှစ် အထက်ဘိုး ဘွားများအား ထောက်ပံ့ငွေ အိမ်တိုင်ရာရောက် ကူညီထောက်ပံ့

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း အသက် ၁၀၀ နှစ်အထက်ရှိ အဘိုး၊ အဘွားများနှင့် အသက် ၈၅နှစ်အထက်ရှိ အဘိုး၊အဘွားတို့အား လူမှုရေးပင်စင်ထောက်ပံ့ ပေးခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အထူးထောက်ပံ့မှုအနေဖြင့် အသက် ၁၀၀ နှစ်နှင့် အထက်ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေများ ယမန်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ရုံးမှ ဒေါ်ဇင်မာဝင်း (ဦးစီးအရာရှိ) ထံက သိရသည်။

နတ်မောက်မြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန (ရုံးချုပ်) မှပေးပို့သော (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်ခန့်က မြို့မဈေးရှိ ဈေးရောင်းဈေးဝယ်များ၊ ကားဂိတ် များ၊ လမ်းဆုံ လမ်းခွများ နှင့်ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to