ကြည့်မြင်တိုင်မြို့နယ်တွင် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုပြင်​ပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု Mask and Face Shield Campaign ပြုလုပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းများ အရှိန်အဟုန်မြင့်​ ဆောင်ရွက်လျက်ရှိရာတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးတွင် ယမန်​နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုပြင်​ပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု (Mask& Face Shield Campaign)ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့နယ်တွင် "ကိုဗစ် - ၁၉ ကာလအတွင်း ဌာနဆိုင်ရာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့် စကားဝိုင်း ကျင်းပမည်

ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူငယ်ရေးရာ ကော်မတီမှ စီစဉ်ကျင်းပသော "ကိုဗစ် - ၁၉ ကာလအတွင်း ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ " ခေါင်းစဉ်ဖြင့် စကားဝိုင်းကို ဇန်နဝါရီလ ၇ ရက်နေ့ ညနေ (၆) နာရီခွဲတွင် Zoom Video Conferencing စနစ်အသုံးပြု၍ Facebook Live ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ခရိုင်ဥပဒေရုံးဆောက်လုပ်မည့် မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ဥပဒေရုံးဆောက်လုပ်မည့် မြေနေရာအား မြေသန့်ခြင်း နှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲက ဝိန်းနေရပ်ကွက်ရှိ ခရိုင်ဥပဒေရုံး ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့သည်။

ပုံပါကျင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ပုံပါကျင်ကျေးလက်ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ် မိုးဂဲလ်ရပ်ကွက်ရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်တင်လှူပွဲ ကျင်းပ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မိုးဂဲလ်ရပ်ကွက် တာပလိန်း ကုန်းတော်ပေါ်ရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေစတီးလ် ထီးတော်တင်လှူပွဲကို ယနေ့နံနက် (၈)နာရီက ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိ ရှိစေရန်အတွက် အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ယခုပွင့်လင်းရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးဘေးအသိ မီးဘေးသတိ ရှိစေရန်အတွက် အသိပညာပေး ဆော်သြခြင်းကို ယမန်နေ့ ညပိုင်းက မြို့တွင်းသို့ လှည့်လည် ကြေညာပေးနေလျက်ရှိသည်။

ဦးခိုက်ပူဇော် တောင်ချွန်းစေတီတော်

မြန်မာနိုင်ငံဒေသအသီးသီးတွင် တောတောင်ရေမြေအလှများ စွာရှိသလို ရာသီအလိုက် သဘာဝကပေးသည့် အလှများလည်း တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ရှိကြသည်။ အထူးသဖြင့် ယခုလို ချမ်းအေးလှသည့် ဆောင်းရာသီကာလများတွင် ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင် ရှု့မညီးသည့် သဘာဝအလှအပများကို ကြည့်ရှူ့ခံစားကြရမည်ဖြစ်ပေသည်။

ခန္တီးခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် နိုင်ငံပိုင် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းအဆိုပြုချက်များအား ဆွေးနွေး အတည်ပြုခြင်း အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအဆိုပြုချက်များအား ဆွေးနွေးအတည်ပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် အသက်(၂)လမှ (၁)နှစ်နှင့်(၆)လအထိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက် (၂)လမှ(၁)နှစ်နှင့်(၆)လအထိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့မ မင်္ဂလာဈေး အဆင့်မြှင့်တင်တည်ဆောက်ရေးအတွက် ဆိုင်ခန်းရှင်များနှင့် ညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် ညောင်ရွှေမြို့ မြို့မ မင်္ဂလာဈေး အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း အတွက် ဆိုင်ခန်းရှင်များနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
Subscribe to