ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်ကူညီခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပြန်လည်ရောက်ရှိ
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကူညီပေးခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီတပ်ဖွဲ့ ဝင်များသည် ယနေ့ နံနက်(၆)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကျန်းမာရေး စစ်ဆေးရေး စခန်းသို့ ရောက်ရှိခဲ့ရာ ကြက်ခြေနီတပ်ဖွဲ့မှတာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။