ခင်ဦးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန် အစောဆုံးပြီးစီးအောင် ဆောင်ရွက်သူ မြေစာရင်းဝန်ထမ်း များအား ဆုချီးမြှင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လယ်ယာစာရင်းအင်းဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန်အစောဆုံး ပြီးစီးအောင် ဆောင်ရွက်သူမြေစာရင်း ဝန်ထမ်း များအား ယနေ့ နံနက် ၁၁ နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။