မိုင်းပန်မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က အ.လ.က(ခွဲ)မြို့မတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ကျင်းပခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လူမှုရေးအသင်းအဖွဲ့များ ပရဟိတအဖွဲ့များ စေတနာရှင် အလှူရှင်များစုပေါင်း၍ အာဟာရဒါနလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သန်လျင်မြို့နာရေးကူညီမှုအသင်းမှ ဦးဆောင် ၍ ရပ်ကွက်နှင့် ကျေးရွာနာရေးကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ စေတနာရှင် အလှူရှင် များ စုပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက အဟာရဒါန ထမင်းနှင့် ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် စိုက်ပျိုးရေးဌာနမှ အီးအမ်ဖျော်ရည်သုံး မြေဆွေးပြုလုပ်ပုံအဆင့်ဆင့် သရုပ်ပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ အီးအမ်ဖျော်ရည်သုံး မြေဆွေးပြုလုပ်ပုံအဆင့်ဆင့် သရုပ်ပြပွဲကို ဈေးရပ်ကွက်နေ ဦးထွေး၏ ခြံတွင် ယနေ့နံနက် (၁၁းဝဝ)အချိန်ခန့်က ပြုလုပ်ခဲ့သည်။

သန်လျင်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် နှစ်သစ်အမှတ်တရ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား လက်ဆောင် ပစ္စည်းများပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် သန်လျင် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ဗလာမပါ (မဲစနစ်)ဖြင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးဝင်း၌ ကျင်းပသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ပိုးတွေ့ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၄ ရက်နေ့က ကိုဗစ်−၁၉ ပိုးတွေ့အတည်ပြုလူနာ(၂)ဦးထပ်မံ တွေ့ရှိရကြောင်း သီပေါမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

၂၀၂၀ ပြည့်နှစ်တွင် မိတ္ထီလာခရိုင်အတွင်း၌ ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းလာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း၌ ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်မတော်တဆမှု ၂၆၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၃၈၈ ဦးနှင့် သေဆုံးသူ ၈၆ ဦးရှိရာ ယခင်နှစ်ကထက် လျော့နည်းလာကြောင်း အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိတ္ထီလာ) ထံမှ သိရသည်။

ဖူးဖိုးသောလမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက် များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ အများပြည်သူ သွား လာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းတံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရှမ်းရွာသစ်မြို့ သုသာန်အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း (၇၀) ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများ ပြည်သူ သွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သုသာန် အဝင်ဝ ကျောက်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အပိုင်း(၃)ကို ဇန်နဝါရီလ (၁)ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၇၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြင်စလူမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကျေးလက် ကျန်းမာရေးဌာနမှ မြို့အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့ အမှတ်(၂)အခြေခံပညာ မူလတန်ကျောင်းတွင် ရွှေဘောလခဲပရဟိတအဖွဲ့က မီးတားလမ်းပြုလုပ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ အမှတ်(၂)အခြေခံပညာ မူလတန်ကျောင်းတွင် ရွှေဘောလခဲပရဟိတအဖွဲ့ က မီးတားလမ်းပြုလုပ်ပေး ခြင်းကို ယနေ့ နံနက်(၇)နာရီက စတင် ဆောင်ရွက်ခဲ့သည်။
Subscribe to