တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၌ ကျေးရွာချင်းဆက်လမ်းများအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
ကျေးလက်နေဒေသခံပြည်သူများ ရာသီမရွေးသွားလာနိုင်ရန်အတွက် အလှူရှင်များစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ရှိ ခတ္ထိယရွာသစ် ရွာလယ်လမ်းမကြီး၊ ခတ္ထိယ-ညောင်ရွာလမ်းနှင့်ခတ္ထိယ-အုတ်ဖိုကျေးရွာချင်းဆက် လမ်းကွန်ကရစ် ပြန်လည် အဆင့်မြှင့်တင်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။