ဟိုပုံးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများအား Sprinkler အသုံးပြု၍ ရေသွင်းစိုက်ပျိုးမှုများပြားလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ် လွယ်အွန့်ကျေးရွာ၊ ကန်တောင်း၊ ရန်ကင်း၊ ကုန်းသာ၊ ဟဲလုံ၊ သာယာကုန်းနှင့် နမ့်ခုတ်ကျေးရွာများရှိ ဟင်းသီး ဟင်းရွက် (ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ရွှေပဲ) နှင့် စားဖိုဆောင်သီးနှံ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး) စိုက်ခင်းများတွင် ရေလောင်းစိုက်ပျိုးခြင်းအစား Sprinkler အသုံးပြု၍ ရေသွင်းခြင်း စိုက်ပျိုးအသုံးပြုလာကြသည်။

မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask အခုရေ (၁၀၀၀) ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့ကျစေရန်နှင့် ဖြစ်ပွားမှု မရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီက မြိုင်သာယာရပ်ကွက် စည်ပင်သာယာဈေးနှင့် လမ်းသွားလမ်း လာ ပြည်သူများ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်သွားလာကြရန် Mask Campaign ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင် များက ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

မြန်အောင်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်က မြန်အောင်မြို့ နေခြည်ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေ၌ နှစ်သစ်ကူးကာလ ရိုးရာယဉ်ကျေးမှုဓလေ့ လက်ဆေးမင်္ဂလာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့တွင် ၂၀၂၁ ခုနှစ် နှစ်သစ်ကူးကာလ ဒေသအတွင်းရှိ ကျေးရွာအချို့မှ လားဟူတိုင်းရင်းသားများသည် ရိုးရာယာဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် လက်ဆေးမင်္ဂလာပြုခြင်းကို ဒေသအတွင်း လှည့်လည် ကျင်းပကြရာ ယမန်နေ့တွင်လည်း တာလေမြို့တွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်း လှူဒါန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က မီးသတ်ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် အသွားအလာကန့်သတ်ထားရှိသူများနှင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ် (၁၁)ဦးထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၂)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၅)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်း ဆိပ်ဖြူမြို့နယ် ချောင်းမကြီး ကျေးရွာနေသူ အမျိုးသား(၁)ဦး၊ ၎င်း၏ယာဉ်နောက်လိုက်ဖြစ်သူ ကသာမြို့နယ် ပင်မလွတ် ကျေးရွာနေသူ အမျိုးသား (၁)ဦးနှင့် ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေသူ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခဲ့သည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဝတ္တကမြေ ကျောက်တိုင်နေရာ များတွင် စေတီငယ်များ အစားထိုးတည်ထားရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် မြတ်ကြီး၏ ဝတ္တကမြေအဖြစ် သတ်မှတ်စိုက်ထူထားရှိသော အင်္ဂါထောင့်အရပ်ရှိ ကျောက်တိုင်နေရာတွင် စေတီငယ်ဖြင့် အစားထိုး တည်ထားနိုင်ရေး ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ မွေးကင်စမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်) မြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။

ချောင်းသာမြို့ ပင်လယ်ကမ်း​ခြေတွင် လေဖြန်း၍ သူငယ်ပြန်နေသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေတွင် လေဖြန်း၍ သူငယ်ပြန်နေသူ အမျိုးသားတစ်ဦး ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရေနစ်သေဆုံးလျက်ရှိကြောင်း ချောင်းသာနယ်မြေ ရဲစခန်းမှ သိရှိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု၌ အဓိကအသုံးပြုသည့် နယ်စပ်ဂိတ်အဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်စည်စီးဆင်းမှုတွင် အဓိကအသုံပြုသော နှစ်နိုင်ငံအဝင်/အထွက်ဂိတ်ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို စမ်းသပ်ကာလ(၁၀)ရက်အဖြစ် ဇန်နဝါရီလ(၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ လက်ရှိဖွင့်လှစ်ကာလထက် (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဌာနမှ သိရသည်။
Subscribe to