မြိတ်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံ တစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဇန်နဝါရီလ(၄)ရက် နံနက်ပိုင်းက လွတ်လပ် ရေးနေ့ အခမ်းအနားကို မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။