ပွင့်ဖြူမြို့နယ်၌ ထိုင်ဝမ်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး စိုက်ပျိုးသည့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်း၍ အသီးသီးများလှိုင်လှိုင် ထွက်ရှိသော်လည်း လက်ရှိတွင် ဈေးနှုန်းများ ကျဆင်း နေသည့်အတွက် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိမှု နည်းပါး လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်သမန်းရင်း ကျေးရွာမှ ခရမ်းချဉ် စိုက်ပျိုးတောင်သူ ကိုကျော်ဇင်ဝင်းထံက သိရသည်။

ပလောက်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ် ရေးနေ့ ကိုကြိုဆိုဂုဏ်ပြု သော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခန္တီးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးအောက် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ ဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ်အတွင်းရှိ ခတောင်ပွင့်ကျေးရွာအုပ်စု၊​ အောင်ဇေယျ လမ်းခွဲမှ သဝန်ထွက်ဝကျေးရွာထိ (၂)မိုင် (၃) ဖာလုံထိကျောက် ရောမြေလမ်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါနေရာသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည် သူများ ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မရမ်းကုန်းမြို့နယ်တွင် STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၌ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု ကိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန်နှင့် ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက် မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနှင့် အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို မြို့ပေါ်ရပ် ကွက်များ၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များနှင့် လမ်းသွားလမ်းလာပြည်သူများတို့အား ယနေ့နံနက် ပိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့ရှိဆရာတော်၊ သံဃာတော်များမှမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေ များလှူဒါန်း

ပြင်ဦးလွင်မြို့နယ်ရှိ ရတနာမာန်အောင်ဆရာ တော်အမှူးပြုသော ဆရာတော်၊သံဃာတော်များ မှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ မွန်းလွဲ၂နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်​ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က လူစည်ကားရာ ဈေးများ၊၊ ရုံးများကားဂိတ်၊ ဆိုက်ကား ဂိတ်များ၊ လမ်းသွားလမ်းလာ ပြည်သူ များအား ဖြန့်ဝေ​ပေးခဲ့သည်။

ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ အရှိန်အဟုန်မြှင့် Mask Campaign ပညာပေး လုပ်ငန်များ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုလျော့နည်း စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီက ဦးဆောင်၍ မဖြစ်မနေ လမ်းထွက် သွားလာနေကြသူများကို

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေး လူထု‌အ‌ခြေပြု အဝါရောင် Mask Campaign ပြုလုပ်၍ အသိပညာပေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်းပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်‌စေရန် ရည်ရွယ်၍ လူထု‌အ‌ခြေပြု အကောင်အထည်ဖော် စီမံချက်အရ အဝါရောင် Mask Campaign ကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်( ၅) ခုတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Subscribe to