ကျောက်ကြီးမြို့နယ်၌ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အစား FWA (Fixed Wireless Access) နည်းပညာ စနစ်သို့ ပြောင်းလဲ အသုံးပြု

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့၌ ယမန်နေ့က စတင်ပြီး အော်တိုတယ်လီ ဖုန်း(ကြိုးဖုန်း) အစား အော်တိုတယ် လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်း လဲ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် မန္တလေး ခရိုင်အတွင်းရှိ ဈေးများနှင့်လမ်းများ တွင် ပြည်သူများအား လှည့်လည်ဖြန့်ဝေပေးခဲ့သည်။

မင်းတပ်မြို့နယ်တွင် စပါး (၄) မျိုးစမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်း

ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် ချင်းပြည်နယ်ရှိ မြို့နယ် (၃) ခုတွင် ရေမြေဒေသရာသီ ဥတုနှင့် ကိုက်ညီ မှုရှိမရှိ စမ်းသပ်စိုက်ပျိုးရာ မင်းတပ်မြို့နယ်၌သာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မင်းတပ်ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာနမှ သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ဂီတအစည်းအရုံးနှစ်ပတ်လည်နှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ ပိတောက်ကွေ့လမ်းပေါ်ရှိ မြို့နယ်ဂီတအစည်းအရုံးခန်းမ၌ ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ဂီတအစည်းအရုံး နှစ်ပတ် လည်နှင့် ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဝဥနှင့် ကော်ဖီ တိုးချဲ့စိုက်ပျိုးရေး ပညာပေးဆောင်ရွက်

မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့ နယ်တွင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိစေရန်အတွက် ဝဥနှင့် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးရေး အသိ ပညာပေးမှုကို ယမန်နေ့တွင် စိုက်ကွင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

ညောင်ဦး၌ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် ဓာတ်အားစနစ်မှ ကျေးရွာ သုံးရွာအား တပြိုင်တည်း မီးလင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများ မီးလင်း နိုင်ရေးအတွက် အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာ သုံးရွာအား နိုင်ငံတော်ဓာတ်အား စနစ်မှ ယနေ့တွင် တပြိုင်တည်း မီးလင်း ပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင် ထံက သိရသည်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း(၄)သင်းသို့ ငါးအချိန်ပိဿာ (၆၀)ပိဿာအား စျေးနှုန်းချိုသာ စွာဖြင့် ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့၏ ဦးဆောင်စီစဉ်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း(၄)သင်းအား ယမန်နေ့ နံနက်ပိုင်းက ငါးအချိန်ပိဿာ(၆၀)ကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀ စုအား အခြေခံ ကုန်စည်များ ထောက်ပံ့ ပေးအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်မှထောပ်ပံ့ငွေ တစ်ကြိမ်မှ မရှိသေးသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၅)စုအတွက် အခြေခံစားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ဟိုနားစောမွန်ကျေးရွာရှိ တော်ဝင်ခမ်း ဆီပန့်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေး

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီက အ.ထ.က မင်းလှ(မြို့တွင်း) ကျောင်း အားကစားကွင်းအတွင်း ဖွင့်လှစ်ထားသော ယာယီဈေးတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

ရေနံချောင်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်းများ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့မှ နေအိမ်ပြင်ပ ထွက်ခွာသွား လာသူများအား ကိုဗစ်-၁၉ ရောဂါက ကြိုတင်ကာကွယ်ရေးအတွက် နှားခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မစျေးနှင့် ရတနာဈေးထိပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Subscribe to