ကျောက်တန်းမြို့နယ် ဇင်ပြွန်ကုန်းကျေးရွာ၌ ကွန်ကရစ်တံတားသစ်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာအုပ်စု ဇင်ပြွန်ကုန်း ကျေးရွာ ၌ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါတံတား၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က စီစဉ်ထုတ်ဝေသော ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင် အတွဲ(၅) အမှတ်(၁)ကို ယနေ့ နံနက် ၇ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ ယာယီဈေးနေရာ၌ ဖြန့်ဝေပေး ခဲ့သည်။

We Love Hlaing မှ လှိုင်မြို့နယ်အတွင်း ရှိ ရပ် ကွက်များမှပုံမှန်ဝင်ငွေမရှိသူများအား စားနပ်ရိက္ခာများ ပေးပို့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၁၂)ရပ်ကွက်၊ အမှတ် (၁၃)ရပ်ကွက်၊အမှတ်(၁၅)ရပ်ကွက်များသို့ We Love Yangon ဥက္ကဌ ဆရာမ ဒေါ်သန်းမြင့်အောင်၏စီစဉ်ဖြင့်အလှုရှင် Wave Money ကိုယ်စား We Love Yangon (Hlaing)မှပုံမှန်ဝင်​ငွေမရှိ​သောအ​ခြေခံလူတန်းစားအိမ်ထောင်စု (၅၆) စုသို့ ယမန်​​နေ့နံနက်ပိုင်းက အ​​ခြေခံစား​သောက်ကုန်များအိမ်တိုင်ရာရောက်ပေးပို့လှူဒါန်း ခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်း မှ စတင်ကာ ရပ်ကွက်အသီးသီးရှိ စုရပ်များတွင် ဆောင်ရွက်လျက်ကြောင်း သိရသည်။

ကျောက်မဲမြို့၊ အထက ၂ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား/ ကျောင်သူများမှ ပူဇော်ကန်တော့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက ၂ ကျောင်းတွင် တာဝန်ထမ်းဆောင် ခဲ့သည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ ကောဂါ ကာလအတွင်း အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ အထက ၂ကျောင်းသား /ကျောင်းသူ ဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများတို့က အာစရိယ ပူဇော်ပွဲကို ယမန်နေ့မွန်း‌လွဲ ၂ နာရီ အချိန်က ကျောက်မဲမြို့၊ အဆင့်မြင့်သက်‌ကြီး‌စောင့်ရှောက်ရေး စင်တာ ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ် ဆန်ခါ၊ နမ့်ဆီလင်းကျေးရွာတို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်

Christian Aid ၏ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဆန်ခါ၊ နမ့်ဆီလင်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ပါသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်း သာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယမန်နေ့ မွန်းလွဲ ပိုင်းကဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

မင်းတပ်မြို့၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအနေဖြင့် နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များကို မင်းတပ်မြို့ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီတွင် မင်းတပ်မြို့ မြို့မစျေးရှေ့၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to