ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ပိုးတွေ့လူနာ(၁၀)ဦး ထပ်မံတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့် ကျေးရွာများမှ ပိုးတွေ့လူနာ(၁၀)ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။

ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများအား ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းများ သွားလာမှုကောင်းမွန်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ဝမ်ဖွီးကျေးရွာအုပ်စု၊ ဝမ်ဖွီးကျေးရွာမှ ပန်စယ်ကျေးရွာအုပ်စု၊ ပန်စယ်ကျေးရွာထိ ဝမ်ဖွီး−ဖာလော့−ပန်စယ် (၅)မိုင်၊ (၄)ဖာလုံအနက် (၁)မိုင် (၄) ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် စားသုံးမှို စိုက်ပျိုး​ထုတ်လုပ်မှု လက်တွေ့ပြုလုပ်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနနှင့် ​စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူး​ပေါင်း၍ စားသုံးမှို စိုက်ပျိုးထုတ်လုပ် လက်တွေ့ ပြုလုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက MOHS ၏ လမ်းညွှန်မှုများကို လိုက်နာ၍ ​ဆောင်ရွက်ခဲ့ကြ သည်။

သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအား ရန်ကုန်တိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူး ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီးရှိ တာဆန်းလဲ ရှေးဟောင်း ကပ်ကျော်လဒ်ခေါ် စေတီအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် မင်္ဂလာပန္နက်တင် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီးရှိ အလောင်းမင်းတရား တည်ထားကိုးကွယ်ခဲ့ သော တာဆန်းလဲ ရှေးဟောင်းပေါ်တော်မူ စေတီဘုရားအား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် မင်္ဂလာပန္နက်တင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ် အမှတ်(၂)ရပ်ကွက် ယုဇနလမ်း၌ ပြည်သူမှပြည်သူ့ထံသို့ အခြေခံစားသောက် ကုန်ပစ္စည်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေလှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် ပြည်သူမှ ပြည်သူထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးခြင်းအစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ယုဇလမ်းတွင် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း (Mask) များကို အလှူရှင် မိသားစုတစ်စုတို့မှ အဆိုပါလမ်းရှိ အိမ်ထောင်စု(၁၄)စုထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော မြိုမဈေးတွင် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘတ်ဂျတ်ဖြင့် လှည်းကူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၇)နာရီမှ စတင်ကာ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

​ဖားဆောင်းမြို့၌ (၇၃)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အသိပညာ​ပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​အ​ခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်း ၍ ​​(၇၃)နှစ်​​​မြောက် လွတ်လပ်​ရေး​နေ့အကြို အသိပညာ​ပေး Talk Show ကို ယ​​​နေ့ နံနက်(၁၀)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေး ဦးစီးဌာန၊ လူထုအ​ခြေပြုဗဟို ဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to