စေတုတ္တရာမြို့နယ် တယ်ဇားကျေးရွာတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် (၂၄.၅)သန်းဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ တယ်ဇား ကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၂၄.၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။